သမိုင်းစာတမ်းဖတ်ကြားမည့် စာတမ်းရှင်များအား မိတ်ဆက်ခြင်း

Image may contain: 1 person, smiling, standing

အမှတ်သညာပွဲတော်ရဲ့ ၂၀.၁၀.၂၀၁၉ နေ့မနက်ပိုင်းအစီအစဥ်မှာ ဒေါက်တာနော်ယုဇနဝင်းမှ
“ဘားအံဒေသတွင် တွေ့ရှိရသော ကျောက်ခေတ်သစ် ယဉ်ကျေးမှု”
ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားသွားမှာဖြစ်ပါတယ်

စာတမ်းရှင်၏ ကိုယ်ရေးအကျဥ်း
########################
စာတမ်းရှင် ဒေါက်တာ နော်ယုဇနဝင်း ကို အဖ စောဘညွန့် အမိ နော်သန်းဥ တို့မှ 1982 ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။
1999 ခုနှစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေး ကျေးရွာ မှ တက္ကသိုလ်ဝင်တန်း ကို
အောင်မြင်ခဲ့ပြီး၊
2005 ခုနစ် တွင် ဒဂုံတက္ကသိုလ်မှ ရှေးဟောင်းသုတေနသပညာ အထူးပြု ဘာသာရပ်ဖြင့် BA -Hons(ဝိဇ္ဇာ – ဂုဏ်ထူး ဘွဲ့၊ 2008 ခုနှစ်တွင် ရှေးဟေားသုတသေနပညာ မဟာဝိဇာA) ဘွဲ့ ၊
2010 တွင် “ကော့ဂွန်းဂူနံရံမှ အနုပညာလက်ရာများ လေ့လာချက်” စာတမ်းဖြင့် မဟာသုတေသန (Master of Research) ဘွဲ့ကို ရရှိခဲ့ပါသည်။ 2015 ခုနှစ်တွင် ‘ကရင်ပြည်နယ် မှ ရှေးဟောင်းလိုဏ်ဂူများ’ ကျမ်းဖြင့်ရန်ကုန်တက္ကသိုလ် ၊ ရှေးဟောင်းသုတေသန ပညာဌာန မှ ပါရဂူဘွဲ့ ရရှိခဲ့ပါသည်။
2016- ခုနှစ်တွင် Gernman-Cambodian Conseronvation School (GCSS) မှ ကမ္ဗောဒီးယားနိုင်ငံတွင် ပို့ချသော “The Conservation Course” in Phnom Penh and Angkor Wat ( ၆ ပါတ်တာ သင်တန်းကာလ)ကို တက်ရောက်ပြီးစီး အောင်မြင်ခဲ့ပါသည်။
2017-ခုနှစ်တွင် 47ကြိမ်မြောက် ကရင်စာပေနှင်ှ့ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲ ကျင်းပရေးကော်မတီမှ`ကရင်စာပေနှင် ယဉ်ကျေးမှု စာပေဂုဏ်ဆောင်ဆု” ကို ချီးမြှင့်ခဲ့ပါသည်။
ကရင်ပြည်နယ်မှ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လိုဏ်ဂူများကို ဆက်လက်လေ့လာ့ခဲ့ပြီး၊ 2019 ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော အရှေ့တောင်အာရှ ရှေးဟောင်းသုတေသန ပညာရပ်ဆိုင်ရပ်ရာအသင်း ၏ တတိယအကြိမ်မြောက် နိုင်ငံတကာ ရှေးဟေါင်းသုတေသနညီလာခံတွင် “အာလဝဏ် အင်းမှ တွေ့ရသော ကျောက်ခေတ်လက်နက်များ” အကြောင်း စာတမ်း ကို တင်သွင်းဖတ်ကြားခဲ့ပါသည်။ စာတမ်းရှင်သည် မြန်မာနိုင်ငံ ထုံးကျောက်တေါင်ဒေသ နှင့် လိုဏ်ဂူများ ထိန်းသိမ်းရေး အဖွဲ့ Myanmar Karst and Caves Conservancy အသင်းကြီး ဖြစ်ပေါ်လာစေရေးအတွက် ပညာရှင် ကွန်ယက်များဖြင့် အားထုတ်ကြိုးပမ်းလျှက်ရှိပြီး ကရင်ပြညိနယ်အတွင်းရှိ ထုံးကျောက်တောင်ဒေသရှိ ဇီဝသတ္တမျိုးကွဲများ ကာကွယ်ထိနိးသိမ်းရေး နှင့် ရှေးဟောင်း ယဉ်ကျေးမှု သမိုးအမွေအနှစ်များ ကို ကွင်းဆင်းလေ့လာခြင်းနှင့် သုတေသနပြုခြင်းစသော ထိန်းသိမ်းရေး လုပ်ငန်းများ ကို လုပ်ဆောင်လျှက်ရှိပါသည်။ကရင်ပြည်နယ် အခြေစိုက် ထဘာကော် ခရီးသွား ကုမ္ပဏီ ၏ Co-founder အမှုဆောင် ဒါရိုက်တာ အဖြစ်လည်းကောင်း၊ ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်း ကွန်ယက်တွင် ပါဝင်သော ‘ ကရင်ပညာ ဖွံ့ဖြိုးတိုးတကိရေးယူနစ်- Phlon Education Development Unit (PEDU)
တွင် အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ PEDU Learning Centre ၏ အကြံပေး ဘုတ်အဖွဲ့ဝင် အဖြစ်လည်းကောင်း။ ထယော်တော် Learning Centre ၏ ဆရာမ အဖြစ်လည်ကောင်း ဆောင်ရွက်လျှက်ရှိပြီး၊ ရှေးဟောင်းသုတေသနဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျှက် ရှိပါသည်။

အမှတ်သညာပွဲတော်ရဲ့ ၂၀.၁၀.၂၀၁၉ နေ့ မနက်ပိုင်းအစီအစဉ်မှာ ဆရာမ ဒေါ်လဲ့လဲ့သွင်မှ
“A study of Buhha Images at Hlaing Kawt Phayar Cave in Kaying State”
ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားသွားမှာဖြစ်ပါတယ်။

စာတမ်းရှင်၏ ကိုယ်ရေးအကျဉ်း
###################
ဒေါ်လဲ့လဲ့သွင် (ကထိက) သမိုင်းဌာန၏ ကိုယ်ရေးအကျဉ်းမှာ ဒေါ်လဲ့လဲ့သွင်ကို (အဖ) ဦးဟန်ရှိန် (တပ်မတော် (ရေ) အငြိမ်းစား)၊ (အမိ) ဒေါ်အောင်ကြည်တို့မှ ၁၉၆၇ ခုနှစ်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင်မွေးဖွားခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ဖျာပုံမြို့၊ အထက (၁)မှ (၁၀)တန်းအောင်မြင်ပြီး ၁၉၈၇ မှ ၁၉၉၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ပင်မတွင် ဆက်လက်ပညာသင်ကြားခဲ့ရာ ၁၉၉၇ ခုနှစ်တွင် B.A (Hist)၊ ၂၀၀၀ ခုနှစ်တွင် M.A(Hist) နှင့် ၂၀၀၂ ခုနှစ်တွင် ရှေးစောင်းသုတေသနပညာဒီပလိုမာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာနတွင် သုတေသနလက်ထောက် -၂ အဖြစ်တာ၀န်ထမ်းဆောင်ခဲ့သည်။၂၀၀၄ မှ ၂၀၀၆ ခုနှစ်အထိ မအူပင်တက္ကသိုလ် သမိုင်းဌာနတွင် ကထိကရာထူးဖြင့်လည်းကောင်း တာ၀န်ထမ်းဆောင်လျက်ရှိပါသည်။ တာ၀န်၀တ္တရားများ ထမ်းဆောင်စဉ်ကာလအတွင်း ဖတ်ကြားခဲ့သော စာတမ်းများမှာ ကျောက်ဆစ်လက်ရာများမှပြောသော မြောက်ဦးခေတ်ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုတစ်စိတ်တစ်ဒေသ၊ မအူပင်မြို့ရှိ မင်းတုန်းမင်း၏အနွယ်တော်များ၊ A study of Kayan(Padaung) culture in Kayah State၊ ပြက္ခရွေ့တောင်တန်းရှိ မောနားစေတီတွင်တွေ့ရသော ခေါင်းလောင်းစာ၊ The standing Buddha images in Kawgun cave စသည့်စာတမ်းများကို ဖတ်ကြားခဲ့ပြီး တက္ကသိုလ်သုတေသနဂျာနယ်နှင့် တက္ကသိုလ်မဂ္ဂဇင်းများတွင် သုတေသနစာတမ်းများကို ရေးသားခဲ့ပါသည်။ လက်ရှိတွင် ပါရဂူဘွဲ့ယူစာတမ်းအတွက် The study of Buddha images in Mon and Kayin state ကျမ်းကိုပြုစုလျက်ရှိပါသည်။

Image may contain: 1 person, standing

အမှတ်သညာပွဲတော်ရဲ့ ၂၀.၁၀.၂၀၁၉ နေ့ မနက်ပိုင်းအစီအစဉ်မှာ ဆရာဆန်းမိုးအောင်မှ
“မြို့ဘားအံ”
ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားသွားမှာဖြစ်ပါတယ်။
စာတမ်းရှင်၏ ကိုယ်ရေးအကျဉ်း

စာတမ်းရှင်၏အမည်ရင်းမှာ ဆန်းမိုးအောင်ဖြစ်ပြီး ကလောင်အမည်မှာ မောင်ကျော် (ဘားအံ) ဖြစ်သည်။ စာတမ်းရှင်ကို မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်တွင် အဖဦးလှမိုး၊ အမိဒေါ်သန်းခင်တို့မှ ၁၆.၄.၁၉၇၃ တွင်မွေးဖွားသည်။ စေတုတ္တရာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ယခုအခါ ဘားအံမြို့မဲဘောင်ကျောင်းလမ်းတွင် နေထိုင်ပြီး စာပေများကိုရေးသားလျက်ရှိတယ်။ ရေးသားပြုစုခဲ့သော သုတေသနဆောင်းပါးများမှာ
၁။ ကရင့်ဟိုက်ဂျက် (Kayin’s HIJACK)
၂။ ကရင်ရာဇ၀င်စာအုပ်များ
၃။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ကရင့်တိုင်းရင်းသားအစီအစဉ်
၄။ စကောကရင် ဘာသာဖြင့် ထုတ်ဝေသော မောနင်းစတားသတင်းစာ (The Morning Star)
၅။ ကရင်စာဆို ဥုးနန္ဒမာလာ
၆။ စာရေးဆရာ မန်းသင့်နောင် (ကော့ကရိတ်) အထ္ထုပ္ပတိ
၇။ ပိုးကရင်စာပေသင်တန်း မအောင်လျှင် ဒါဏ်ငွေ ၅၀ိ/ ကျပ်
၈။ အရှေ့ပိုးကရင်ရိုးရာ သင်္ကြန်ပွဲတော်နှင့် အခြားဆောင်းပါးများဖြစ်သည်။

Leave a comment