About us

လူထုအမှတ်သညာပွဲတော်သည် ဒေသတွင်း လူမှုအဖွဲ့အစည်းတစ်ခုပြောင်းလဲလာပုံကို လူထုကြားက သမိုင်းအဖြစ် ချဉ်းကပ်လေ့လာကာ ဓာတ်ပုံမတ်တမ်းများ အနုပညာပစ္စည်းများဖြင့် ပြပွဲအဖြစ် ခင်းကျင်းပြသရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ထိုပြပွဲများမှတဆင့် မတူညီသောမျိုးဆက်များက မိမိဒေသပြောင်းလဲဖြစ်ထွန်းလာမှုများကို အတူတကွ လေ့လာကြည့်ရှုရန်ဖြစ်ပါသည်။

ဓါတ်ပုံ၊ ပန်းချီ၊ မော်ကွန်း ဗီဒီယို၊ ကဗျာ၊ စာပေတို့ဖြင့်ပေါင်းစပ်ခင်းကျင်းကာ လူကြီးလူငယ်မျိုးဆက်တို့ကြားမှ ကွာဟချက်များကို နားလည်တက်စေရန် မတူညီသော အဖွဲ့အစည်းများ ပေါင်းစပ်ထားသောလူမှုအဖွဲ့အစည်းဖြစ်ကြောင်း ခံစားတတ်စေရန် စေ့စပ်စာနာတတ်သော မျက်လုံးများဖြင့် လူမှုဘဝတို့ကို ကြည့်မြင်စေရန် ခင်းကျင်းသော အနုပညာနှင့် အမှတ်သညာပွဲတော်ဖြစ်ပါသည်။

ကျွန်တော်တို့ဟာ
သမိုင်းကိုမျက်နှာချင်းမဆိုင်ရဲ
ရှောင်လွှဲဖုံးကွယ်နေလို့မရပါဘူး

သမိုင်းရဲ့သင်ခန်းစာကို
ယာညက်သလိုကြေညက်မှ
အနာဂါတ်ခရီးကို
ဖြောင့်ဖြောင့်သွားလို့ရပါမယ်

ဒါကြောင့်အတိတ်သမိုင်းဆိုတာ
အနာဂတ်ကိုသွားရာ
အဝင်တံခါးဝဖြစ်တယ်လို့ယုံကြည်ပါတယ်

ဒါကြောင့်ကျွန်တော့်ရဲ့
Open History Project
လူထုအမှတ်သညာပွဲတော်ကို
ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်

Aung Soe Min
Director of Open History Project

Understanding the PAST to open the FUTURE

Contact


Let’s talk 👋 Don’t hesitate to reach out with the contact information below, or send a message using the form.

Get in Touch

No.286 (1st Floor), Pansodan Road
Kyauttada, Yangon 11182
Myanmar

Send Us a Message

%d bloggers like this: