Open History Museum of HpaAn

ဘားအံမြို့တွင် ကျင်းပပြုလုပ်ခဲ့သော လူထုအမှတ်သညာပွဲတော် (ဘားအံ)၌ ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ ပိုစ့်ကတ်နှင့် အခြားသမိုင်းဆိုင်ရာပစ္စည်းများအား မတူညီသော မိသားစုများထံမှာ စုဆောင်းထားခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ၇ လတာအတွင်း ဓာတ်ပုံနှင့် ပိုစ့်ကတ်ပေါင်း ၁၇၀၀ ကျော်စုဆောင်းနိုင်ခဲ့ပြီး ၂၅၀ ကျော်သော ဓာတ်ပုံနှင့် ပိုစ့်ကတ်များအား လူထုအမှတ်သညာ (ဘားအံ) ပွဲတော်၌ ပြသနိုင်ခဲ့သည်။ ယခု Virtual Museum တွင် ဓာတ်ပုံပေါင်း ၂၀၀ ကျော်အား ပြန်လည်ပြသထားသည်။

ဓာတ်ပုံများပြန်လည်ပြသရာတွင် ပြသရာတွင် အမျိုးအစားသုံးမျိုးခွဲ၍ ပြသထားသည်။
FACES (လူကို အဓိကထား၍ ရိုက်ကူးထားသောပုံ)
CITYSCAPE (ရှုမြင်ကွင်းကို အဓိကထား၍ ရိုက်ကူးထားသောပုံ)
POSTCARD (ပို့စ်ကတ်ပုံ)
တို့ဖြစ်သည်

%d bloggers like this: